Atlas-C သည် ခန္ဓာကိုယ်အတွက် လိုအပ်သော အင်အားပြည့်ဝစေရန်၊ ကိုယ်ခံစွမ်းအား မြှင့်တင်ရန်နှင့် ဓာတ်တိုးဆန့်ကျင်ရန်အတွက် အားထားရသော အာဟာရဖြည့်စွက်စာ ဖြစ်သည်။ ၎င်းတွင် လိုင်ကိုပင်း (Lycopene)၊ မရှိမဖြစ်လိုအပ်သော ဗီတာမင်မျိုးစုံ (Multivitamins)၊ သတ္တုဓာတ်များ (Minerals) နှင့် ဂျင်ဆင်း (Ginseng) တို့ ပါဝင်သည်။ ကျန်းမာရေးချို့တဲ့မှု အမျိုးမျိုးအတွက် ဖြည့်စွက်ဆေးအဖြစ် သုံးစွဲနိုင်သည့်အပြင် သာမန်ကျန်းမာရေးကောင်းမွန်သူများတွင်လည်း ယေဘုယျကျန်းမာကြံ့ခိုင်ပြီး ကိုယ်ခံအားစနစ် ကောင်းမွန်စေရန်အတွက်ပါ သောက်သုံးပေးနိုင်ပါသည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် (Covid) ကာလအတွက် လိုအပ်သမျှ အာဟာရဓာတ်အားလုံးကို တစ်ပါတည်း ပေါင်းစပ်ဖော်စပ်ထားခြင်း ဖြစ်သည်။ ပါဝင်ပစ္စည်းတစ်ခုဖြစ်သော ရော်စဗာရထရော (Resveratrol) သည် အဆုတ်အတွက် အစွမ်းထက်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် ဆောင်ရွက်ပေးသည်။ လိုင်ကိုပင်း (Lycopene) ကမူ ဗီတာမင်စီ (Vitamin C) ကို ရေရှည်သောက်သုံးခြင်းကြောင့် အစာအိမ်အက်ဆစ်ဓာတ်များပြားလာမှုကို ပြန်လည်ဓာတ်ပြယ် (လျော့နည်း) စေသည်။ ထို့အပြင် နှလုံးအထူးကုဆရာဝန်များက ၎င်းတို့၏ လူနာများကို တိုက်ကျွေးရန် ညွှန်းဆိုလေ့ရှိသည့် ဗီတာမင် ဘီ အုပ်စု (Vit B complex)၊ ဇင့် (Zinc)၊ ဖောလစ်အက်ဆစ် (Folic acid)၊ မဂ္ဂနီစီယမ် (Magnesium) နှင့် ဆီလီနီယမ် (Selenium) တို့ကိုလည်း မျှတသောအချိုးအစားဖြင့် ထည့်သွင်းဖော်စပ်ထားသည်။
ဂျင်ဆင်း (Ginseng) မှ အင်အားပြည့်ဝစေသဖြင့် ဖျားနာမှုဝေဒနာများမှ မြန်မြန်ဆန်ဆန် ပြန်လည်လန်းဆန်း ကျန်းမာလာစေသည်။ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (၇) မျိုးက သင့်ကို အသားအရေလှပစေပြီး ကင်ဆာရောဂါကို ကာကွယ်တားဆီးပေးသည့်အပြင် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားနှင့် ခွန်အားကိုလည်း မြှင့်တင်ပေးပါသည်။
ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (၇) မျိုး၊ မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များနှင့် အင်အားဗလ ပြည့်ဝစေခြင်း