Contact Us

Yukon Choice Flex

Yukon Choice Flex

မျိုးဆက်သစ် ဆေးစိမ်စတန့် (နှလုံးသွေးကြောချဲ့ ဆေးစိမ်ပိုက်)

Biodegradable Polymer နဲ့ Microporous Surface တို့ရဲ့ အထူးပေါင်းစပ်မှုကြောင့် အကောင်းဆုံးသော ကုသမှုရလဒ်ကို ပေးစွမ်းနိုင်မယ့် မျိုးဆက်သစ် ဆေးစိမ်စတန့်

အကောင်းဆုံးနှင့် လိုက်လျောညီထွေအရှိဆုံး ချဉ်းကပ်ဆောင်ရွက်မှုပုံစံ

Flexi နည်းပညာကြောင့် အလွန်ကွေးကောက်သော နှလုံးသွေးကြောများထဲအထိ ချောမွေ့စွာ ဖြတ်သန်း ထည့်သွင်းနိုင်ခြင်း။

သွေးကြောထဲသို့ ပိုမိုချောမွေ့တိကျစွာ ထည့်သွင်းနိုင်မည့် အဆင့်မြင့်စနစ်

Yukon Choice Flex ရဲ့ ပိုမိုပါးလွှာတဲ့ ဖွဲ့စည်းပုံနဲ့ အထူးပြုလုပ်ထားတဲ့ 2-Connector Stent ဒီဇိုင်းက သွေးကြောထဲ ထည့်သွင်းရလွယ်ကူမှုကို အမြင့်မားဆုံးဖြစ်စေပါတယ်။

မူပိုင်ခွင့်ရ အဆင့်မြင့် ဟိုက်ပိုကျူဘ် (Hypotube) ပြွန်တံနည်းပညာ

အသစ်ဒီဇိုင်းထုတ်ထားသော စတန့်ပိုက်တွန်းပို့တံ (Shaft) သည် အားစိုက်တွန်းပို့မှုကို အကောင်းဆုံး ကူးပြောင်းပေးနိုင်သည့်အပြင် ခေါက်ကွေးခြင်းကို ခံနိုင်ရည်ရှိပြီး ရှေ့သို့တွန်းရလွယ်ကူခြင်းကြောင့် လိုအပ်သလို စိတ်ကြိုက်လှည့်ပတ်မောင်းနှင်နိုင်ပါသည်။ ထို့ကြောင့် အလွန်ကွေ့ကောက်ရှုပ်ထွေးသော သွေးကြောများအတွင်း၌ပင် အသုံးပြုရန် အသင့်တော်ဆုံး ဖြစ်ပါသည်။

မျက်နှာပြင် ပြုပြင်မွမ်းမံမှုနည်းပညာ

1

Yukon Choice Flex ၏ မျက်နှာပြင်ကို သဲမှုန်ဖြင့်ပက်၍ အဏုကြည့်အပေါက်ငယ်များ ဖြစ်ပေါ်စေသည့် နည်းပညာ (Sandblasting) ဖြင့် ပြုလုပ်ထားပါသည်။ ၎င်းသည် ဆေးဝါးအာနိသင်ကို အချိန်ကြာရှည်စွာ စိမ့်ထွက်ပျံ့နှံ့နေစေရန် ထိန်းညှိပေးသည့် ထူးခြားချက်ပင် ဖြစ်ပါသည်။

default
default

2

စတန့်ပိုက်မျက်နှာပြင်ပေါ်ရှိ အဏုကြည့်အပေါက်ငယ်များသည် ဆေးဝါးများကို သိုလှောင်ရာနေရာ (Reservoirs) အဖြစ် လုပ်ဆောင်ပေးပြီး ဗန်ဒါဝါးလ် အားစုချက်များ (Van der Waals forces) ကို အသုံးပြုကာ ကုသလိုသည့်နေရာသို့ ဆေးဝါးစိမ့်ထွက်မှုနှုန်း (Release-kinetics) ကို စနစ်တကျ ထိန်းညှိပေးပို့ပေးပါသည်။

3

တစ်စင်တီမီတာပတ်လည်မှာ အပေါက်ငယ်ပေါင်း တစ်သန်းပါဝင်တဲ့ ဒီဇိုင်းကြောင့် Polymer အသုံးပြုမှုကို လျှော့ချပေးနိုင်ပြီး ဆေးဝါးစိမ့်ထွက်မှုနှုန်းကို အကောင်းမွန်ဆုံး ထိန်းညှိပေးပါတယ်။

default
default

4

အဏုကြည့်အပေါက်ငယ်များ (Micro-pores) ပါဝင်မှုကြောင့် အခြားသော ဆေးစိမ်စတန့် (DES) များနှင့် နှိုင်းယှဉ်ပါက ပိုလီမာ (Polymer) အသုံးပြုရမည့် ပမာဏကို လေးပုံတစ်ပုံ အထိ လျှော့ချပေးပါသည်။

မျက်နှာပြင် ပြုပြင်မွမ်းမံမှုနည်းပညာ

စတန့်ပိုက်နည်းပညာကို အသုံးပြု၍ သွေးကြောနံရံနှင့် ထိစပ်မည့်မျက်နှာပြင် (Albumin side) တွင်သာ ဆေးဝါးနှစ်မျိုးစပ်အလွှာ (Dual drug matrix) ကို ဖုံးအုပ်ထားပါသည်။ ထို့ကြောင့် ဆေးဝါးများကို ကုသလိုသည့် သွေးကြောဆဲလ်များဆီသို့သာ တိုက်ရိုက်စိမ့်ထွက်စေပြီး ခန္ဓာကိုယ်အနှံ့သို့ ဆေးဝါးပျံ့နှံ့မှုကို နည်းပါးစေသည့်အတွက် သွေးကြောများ ပြန်လည်ကျန်းမာလာမှုကို ပိုမိုမြန်ဆန်စေပါသည်။

ထုတ်ကုန်အရည်အသွေး

ဆေးဝါးနှင့် ပိုလီမာ (Polymer) တို့သည် ရက်ပေါင်း ၃၀ မှ ၄၅ ရက်အတွင်း အတူတကွ စိမ့်ထွက်ကုန်ဆုံးပြီး၊ ဇီဝရုပ်ကွဲပျက်လွယ်သော ပိုလီမာသည် ရက်ပေါင်း ၉၀ အတွင်း ခန္ဓာကိုယ်ထဲ၌ လုံးဝပျော်ဝင်ပျက်ပြယ်သွားပါသည်။

WORLD'S LONGEST STUDIED DRUG ELUTING STENT

The Lancet ၏ အကြံပြုချက်

The Lancet သည် ၁၈၂၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့သက်တမ်းအရှည်ဆုံးနှင့် အသိမှတ်ပြုမှုအဆုံး ခေတ်မီဆေးပညာဂျာနယ်များထဲမှ တစ်ခုဖြစ်ပါသည်။ ၎င်းဂျာနယ်သည် အရည်အသွေးအမြင့်မားဆုံးသော မူရင်းပင်မသုတေသနများနှင့် ဆေးပညာသုံးသပ်ချက်ဆောင်းပါးများကို ထုတ်ဝေပေးလျက်ရှိသည်။

၎င်းဂျာနယ်တွင် ဖော်ပြပါရှိသည့် အကြောင်းအရာစုံလင်မှုများ၏ သိပ္ပံနည်းကျ ခိုင်မာမှုနှင့် ဆေးကုသမှုဆိုင်ရာ ဆီလျော်မှုတို့ ရှိစေရန်အတွက် စနစ်တကျ တည်းဖြတ်ခြင်းနှင့် ပညာရှင်အချင်းချင်း အပြန်အလှန် စိစစ်သုံးသပ်ခြင်း (Peer-reviewed) တို့ကို တင်းကျပ်စွာ လုပ်ဆောင်ထားပါသည်။ ထို့အပြင် ၎င်းသည် သြဇာလွှမ်းမိုးမှု အမြင့်မားဆုံး အဆင့်သတ်မှတ်ချက် (Impact Factor) ကိုလည်း ရရှိထားသည်။ The Lancet တွင် ထုတ်ဝေခဲ့သည့် “Percutaneous Coronary Intervention 1” ဆောင်းပါးတွင် လွန်ခဲ့သော အနှစ် ၄၀ ခရိုနရီ သွေးလွှတ်လွှတ်ကြော ချဲ့ခြင်း (၁ ကြိမ်မြောက် Coronary Angioplasty) စတင်ခဲ့ချိန်မှစ၍ PCI နည်းပညာ၏ ဖြစ်ပေါ်တိုးတက်မှုနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်ပြောင်းလဲလာမှုများအကြောင်းကို အဓိက ဆွေးနွေးဖော်ပြထားပါသည်။

မျက်နှာပြင် ပြုပြင်မွမ်းမံခြင်း

(၁၀) နှစ်တာ ကာလလေ့လာမှုအရ Yukon Choice PC သည် MACE rate (နှလုံးရောဂါအရေးပေါ် ဖြစ်ပွားမှုနှုန်း)၊ Mortality (သေဆုံးမှုနှုန်း) နှင့် TLR rate (သွေးကြောပြန်ကျဉ်း၍ ထပ်မံကုသရမှုနှုန်း) တို့တွင် Xience နှင့် တူညီသော ထိရောက်မှုရှိပြီး၊ အဆိုပါ ရလဒ်များတွင်ပင် Cypher ထက် ပိုမိုသာလွန်ကောင်းမွန်ကြောင်း သက်သေပြနိုင်ခဲ့သည်။

Yukon Choice PC သည် တိကျသေချာသော သို့မဟုတ် ဖြစ်နိုင်ခြေရှိသော သွေးကြောကွင်းအတွင်း သွေးခဲပိတ်ဆို့မှုနှုန်း (Stent Thrombosis) တွင် အနည်းဆုံးဖြစ်ကြောင်း ပြသနိုင်ခဲ့သည်။ ၎င်းသည် Cypher စတင့်ထက် အန္တရာယ်ဖြစ်ပွားမှုကို ၅၀% အထိ သိသာထင်ရှားစွာ လျှော့ချပေးနိုင်ခဲ့ပြီး၊ Xience စတင့်ထက်လည်း ကိန်းဂဏန်းအရ ၂၉% ပိုမိုနည်းပါးကြောင်း ပြသနိုင်ခဲ့သည်။

(၄) နှစ်တာ နောက်ဆက်တွဲ စောင့်ကြည့်လေ့လာမှုအရ Yukon Choice PC သည် ဆီးချိုရောဂါအခံရှိသော လူနာများတွင် သွေးကြောကွင်းအတွင်း သွေးခဲပိတ်ဆို့မှုနှုန်း (Stent Thrombosis) ကို Durable Polymer စတင့်နှင့် နှိုင်းယှဉ်ပါက ပိုမိုလျှော့ချပေးနိုင်ကြောင်း သက်သေပြနိုင်ခဲ့သည်။

ရလဒ်များ: (၄) နှစ်တာ လေ့လာမှုအရ YC Flex ဖြင့် ကုသမှုခံယူပြီးနောက် နှလုံးဆိုင်ရာ သေဆုံးမှု၊ နှလုံးကြွက်သားပုတ်ခြင်း (MI) နှင့် တိကျသေချာသော သို့မဟုတ် ဖြစ်နိုင်ခြေရှိသော သွေးကြောကွင်းအတွင်း သွေးခဲပိတ်ဆို့မှုနှုန်း (Stent Thrombosis) များ လျော့နည်းလာခြင်းကြောင့် MACE (နှလုံးရောဂါအရေးပေါ် ဖြစ်ပွားမှုနှုန်း) သိသိသာသာ လျော့ကျသွားခဲ့သည်။ အရေးပေါ် နှလုံးပိတ်ဆို့ခြင်း ဝေဒနာရှင်များ (STEMI) တွင်လည်း (၄) နှစ်တာ ကာလအတွင်း BP-DES စတင့်သည် DP-SES စတင့်ထက် ပိုမိုသာလွန်ကောင်းမွန်သော ဆေးကုသမှု ရလဒ်များကို ပြသနိုင်ခဲ့သည်။

ဥရောပ နှလုံးအဖွဲ့အစည်းမှ အကြံပြုချက်

Yukon Choice PC သည် ၂၀၁၈ ခုနှစ် ESC လမ်းညွှန်ချက်များ (ESC Guidelines 2018) တွင် ဆေးကုသမှုဆိုင်ရာ အသုံးပြုရန်အတွက် အကြံပြုခြင်းခံရသည့် တစ်ခုတည်းသော အာရှထုတ် DES (သွေးကြောချဲ့ ဆေးစိမ်ကွင်း) ဖြစ်သည်။

ESC လမ်းညွှန်ချက်များအရ Yukon Choice PC ကို ဆေးကုသမှုဆိုင်ရာများတွင် အသုံးပြုရန် အကြံပြုထားခြင်းမှာ “အဓိက ဆေးဘက်ဆိုင်ရာ ရည်မှန်းချက် ပြည့်မီအောင်မြင်ခဲ့သည့် ကျပန်းစမ်းသပ်မှုများ (Randomized Trials With Primary Clinical Endpoint Achieved)” အပေါ် အခြေခံထားခြင်း ဖြစ်သည်။ ၎င်းရလဒ်သည် ထုတ်ကုန်၏ ထိရောက်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို သက်သေပြရန်အတွက် ပြုလုပ်ခဲ့သော ဆေးဘက်ဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ (Clinical Trials) တွင် အမြင့်မားဆုံးသော စံချိန်စံညွှန်းများနှင့် ကိုက်ညီပြီး ခိုင်မာမှုရှိကြောင်း သက်သေထူနေခြင်းလည်း ဖြစ်သည်။

အဓိက အင်္ဂါရပ်များ :

  • ဇီဝရုပ်ကွဲပျက်လွယ်သော ပိုလီမာ
  • ပေါ်လီမာ သိပ်သည်းဆ ပါဝင်မှု ပိုမိုနည်းပါးခြင်း
  • DES
  • သွေးကြောအတွင်းနံရံဆဲလ်များ ပိုမိုကောင်းမွန်စွာ ပြန်လည်ဖွံ့ဖြိုးလာခြင်း
  • သွေးကြောဆဲလ်အသစ်များက သာလွန်ကောင်းမွန်စွာ လွှမ်းခြုံပေးနိုင်ခြင်း
  • စတန့်ချဲ့ထားသည့်နေရာတွင် သွေးခဲပိတ်ဆို့နိုင်ခြေနှုန်း အနိမ့်ဆုံးဖြစ်ခြင်း
  • သွေးကြောကွေ့ကောက်မှုများကြားထဲသို့ အလွန်ကောင်းမွန်ချောမွေ့စွာ ရွှေ့လျားတွန်းပို့နိုင်ခြင်း
  • ဆီးချိုရောဂါရှိသူ (DM) လူနာများတွင် ဘေးထွက်ဆိုးကျိုးနည်းပြီး ပိုမိုစိတ်ချရခြင်း
  • စတန့်ထည့်ထားသည့်နေရာတွင် သွေးကြောပြန်ကျဉ်းခြင်း (ISR) နှင့် အဆိုပါနေရာကို ထပ်မံခွဲစိတ်ကုသရနိုင်ခြေ (TLR) ပိုမိုနည်းပါးခြင်း
  • ယခင်ကုသထားသည့် သွေးကြောကျဉ်းနေရာဟောင်းကို (သွေးပြန်စီးဆင်းမှုကောင်းအောင်) ထပ်မံခွဲစိတ်ကုသပေးရခြင်း

Recommended by