Contact Us

Insuvit

Insuvit

Insuvit သည် သွေးတွင်းသကြားဓာတ် (ဆီးချို) ပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးသည့် အာဟာရဖြည့်စွက်စာ ဖြစ်သည်။ ၎င်းတွင် သဘာဝဆေးဖက်ဝင်အဆီအနှစ်များ၊ သတ္တုဓာတ်များနှင့် ဗီတာမင်ဓာတ်များစွာ ပါဝင်သည်။ ဤဖြည့်စွက်စာကို ဆီးချိုဝေဒနာရှင်များအတွက် ခန္ဓာကိုယ်အခြေအနေနှင့် ကိုက်ညီမည့် ဗီဇဆိုင်ရာအာဟာရဖြည့်တင်းပေးရန် ဖြည့်စွက်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။

၁၃ မျိုးသော သဘာဝဆေးဖက်ဝင် အဆီအနှစ်များ

Insuvit တွင် ဇီးဖြူသီး၊ ပဲနံ့သာစေ့၊ ကြက်ဟင်းခါးသီး၊ သစ်ကြံပိုးခေါက်၊ ဘီလ်ဘယ်ရီ၊ ပိုးစာသီး အပါအဝင် သဘာဝဆေးဖက်ဝင် အဆီအနှစ် ၁၃ မျိုး ပါဝင်သည်။ ထို့ပြင် အယ်လ်ဖာ လစ်ပိုအစ် အက်ဆစ် ၁၁ မီလီဂရမ်၊ ခရိုမီယမ် ၁၀၀ မိုက်ခရိုဂရမ်၊ ဆီလီနီယမ် ၅၅ မိုက်ခရိုဂရမ်၊ ဇင့် (သွပ်ဓာတ်) ၁၅ မီလီဂရမ်၊ မီသိုင်းကိုဗာလမင်း ၅၀၀ မိုက်ခရိုဂရမ်၊ ဗီတာမင် D3 ၄၀၀ အိုင်ယူ နှင့် နိုင်ယာဆင်နာမိုက် ၇ မီလီဂရမ်တို့ အချိုးကျ ပါဝင်ပါသည်။

insuvit-division

Product Actions

  • ဂလူးကို့စ် (သကြားဓာတ်) ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိပေးရုံသာမက ဆီးချိုရောဂါကို ဘက်စုံမှ ထိန်းချုပ်ပေးသည်။
  • ခန္ဓာကိုယ်တွင်း ဂလူးကို့စ် (သကြားဓာတ်) စုပ်ယူမှုကို ဟန့်တား/လျော့ချပေးသည်။
  • အင်ဆူလင်ဟော်မုန်း ထွက်ရှိမှုကို လှုံ့ဆော်မြှင့်တင်ပေးသည်။
  • အင်ဆူလင်ဟော်မုန်းနှင့် ဆဲလ်များအကြား ပေါင်းစပ်လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေသည်။
  • ဆီးချိုကြောင့် သွေးကြောငယ်များ ထိခိုက်ခြင်းကို ကာကွယ်ပေးသည်။
  • ဆီးချိုကြောင့် ခန္ဓာကိုယ်ဆဲလ်များ ပျက်စီးမှုကို တားဆီးပေးခြင်း ဖြစ်သည်။
  • ဆဲလ်များ၏ အင်ဆူလင်တုံ့ပြန်နိုင်စွမ်း  ပိုမိုကောင်းမွန်စေသည်။

သောက်သုံးရန်အညွှန်း – တစ်နေ့လျှင် ၁ လုံးမှ ၂ လုံး၊ အစာစားပြီး သောက်ရန်။

default

Diabetes

ရောဂါဘယများမှ ကာကွယ်တားဆီးပေးနိုင်သော သီးသန့်အာဟာရဓာတ်များ

ဇီးဖြူသီး/အုန်းတွဲသီး အဆီအနှစ်

(ထရိုင်တာပီနွိုက်၊ အန်သိုဆိုင်ယာနင် နှင့် ဖလေဗိုနွိုက် ဓာတ်ပစ္စည်းများ)

  • မုန့်ချိုအိတ်အတွင်းရှိ အင်ဆူလင်ထုတ်လုပ်ပေးသော ဆဲလ်အစုအဖွဲ့များ ပျက်စီးခြင်းမှ ကာကွယ်ထိန်းသိမ်းပေးသည်။
  • ကြွက်သားဆဲလ်များအတွင်း သကြားဓာတ်စုပ်ယူမှုစနစ်ကို ပိုမိုကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေသည်။
  • အသည်းမှ သကြားဓာတ် (ဂလူးကို့စ်) အသစ်များ အလွန်အကျွံ ထုတ်လုပ်ခြင်းကို ဟန့်တားပေးသည်။
  • ခန္ဓာကိုယ်တွင်း သကြားဓာတ်အသစ် ဖြစ်ပေါ်စေသော မျိုးဗီဇတုံ့ပြန်မှုများကို လျှော့ချထိန်းချုပ်ပေးသည်။
  • အဆီအသစ်များ ဖြစ်ပေါ်စေပြီး အဝလွန်စေမည့် မျိုးဗီဇတုံ့ပြန်မှုများကို လျှော့ချပေးသည်။

ပဲနံ့သာစေ့ အဆီအနှစ်

  • အင်ဆူလင်ဟော်မုန်း ထွက်ရှိမှုကို အားပေးမြှင့်တင်ပေးသည့် အာနိသင်ရှိသည်။
  • သကြားဓာတ်ကြောင့် အင်ဆူလင်ထွက်ရှိမှုကို အဆင့်နှစ်ဆင့် (ဘက်စုံ) ဖြင့် တိုးတက်မြင့်မားလာစေသည်။
  • အစာအိမ်မှ အစာခြေဖျက်မှုကြာချိန်ကို ဆွဲဆန့်ပေးပြီး သကြားဓာတ်စုပ်ယူမှုနှုန်းကို နှေးကွေးသွားစေသည်။
  • အူသိမ်မှ သကြားဓာတ် (ဂလူးကို့စ်) စုပ်ယူမှုကို လျှော့ချပေးသည်။
  • မုန့်ချိုအိတ်ရှိ အင်ဆူလင်ထုတ်လုပ်ပေးသော ဘီတာဆဲလ် (Beta Cells) များကို လှုံ့ဆော်ပေးခြင်းနှင့် အသစ်ဖြစ်ပေါ်စေခြင်းတို့ကို လုပ်ဆောင်ပေးသည်။
  • သွေးတွင်း အဆီဓာတ် အလွန်အကျွံ မြင့်မားခြင်းကို လျှော့ချပေးသည့် အာနိသင်ရှိသည်။

ကြက်ဟင်းခါးသီး၊ ဗာနဗာရွက် (ပန်းအိလက်ဖက်ရွက်) နှင့် ကီနိုအစေး အဆီအနှစ်များ

အိုင်ဆိုဖလေဗွန် နှင့် မက်သနောလစ် အဆီအနှစ် သဘာဝဓာတ်ပစ္စည်းများ ပါဝင်သည်။

  • အင်ဆူလင်ဟော်မုန်းကဲ့သို့ပင် ကြွက်သားနှင့် ဆဲလ်များအတွင်း သကြားဓာတ်စုပ်ယူမှုစနစ် (GLUT 4) ကို မြင့်မားလာစေသည်။
  • PPARγ ဟုခေါ်သော စနစ်ကို လှုံ့ဆော်ပေးခြင်းဖြင့် အဆီဆဲလ်များ ဖြစ်ထွန်းမှုကို အားပေးပြီး ဆဲလ်များ၏ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေသည်။

လက်ဖက်စိမ်းနှင့် ဘလူးဘယ်ရီ အဆီအနှစ်များ

  • သကြားဓာတ် (ဂလူးကို့စ်) နှင့် အဆီဓာတ် ဇီဝကမ္မဖြစ်စဉ်များကို ကောင်းမွန်သောဘက်သို့ ပြောင်းလဲထိန်းညှိပေးသည်။
  • အစွမ်းထက် အောက်ဆီဂျင်ဒဏ်ခံဓာတ်များ ဖြစ်ကြသည်။
  • ဆဲလ်များ ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ပျက်စီးသွားသော ဆဲလ်များကိုလည်း ပြန်လည်ကောင်းမွန်လာစေသည်။
  • ခန္ဓာကိုယ်၏ သကြားဓာတ်ခြေဖျက်နိုင်စွမ်းကို ပိုမိုအားကောင်းစေသည်။

သစ်ကြံပိုးခေါက်နှင့် ပိုးစာသီး အဆီအနှစ်များ

  • ကာဗိုဟိုက်ဒရိတ်ကို သကြားဓာတ်အဖြစ် ပြောင်းလဲပေးသည့် အင်ဇိုင်းကို ပိတ်ပင်ပေးခြင်း ဖြစ်သည်။
  • ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်) စုပ်ယူမှုကို တားဆီးပေးပြီး သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေသည်။
  • ခန္ဓာကိုယ်အတွင်း အင်ဆူလင် တုံ့ပြန်လုပ်ဆောင်မှု ဆင့်ကဲဖြစ်စဉ်ကို စတင်လှုံ့ဆော်ပေးသည်။

ခန္ဓာကိုယ်ကို ထိခိုက်စေသော ဖရီးရယ်ဒီကယ်များနှင့် ROS ဓာတ်ပစ္စည်းများကို အာနိသင်ပြယ်စေသည်၊ ဆဲလ်များနှင့် အာရုံကြောများ ဆုတ်ယုတ်ပျက်စီးခြင်းမှ ကာကွယ်ပေးသည်၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသည်။

  • ခရိုမီယမ်၊ ဆီလီနီယမ်၊ ဇင့် (သွပ်ဓာတ်) နှင့် မဂ္ဂနီစီယမ် သတ္တုဓာတ်များ
  • ဗီတာမင် C၊ E၊ K၊ ဂလိုင်ဆင်း၊ အန်-အက်ဆီတိုင် စစ္စတန်း (NAC)၊ ဘန်ဖိုတိုင်ယာမင် (ဗီတာမင် B1 အဆင့်မြင့်ပုံစံ)၊ ဘိုင်အိုတင် နှင့် အိုက်ဆိုလူးဆင်း အမိုင်နိုအက်ဆစ်။

Insuvit Literatures

A literature review is a descriptive, analytic summary of the existing material relating to a particular topic or area of study

Product Certificates

Product certification involves the issue of a certificate or mark (or both) to demonstrate that a particular product meets a defined set of requirements for that product, usually specified in a standard.